(၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၄) ကျင်းပ

ဟားခါး ဒီဇင်ဘာ ၁၈

၂၀၂၅ ခုနှစ်၊ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နာယက၊ ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်သကဲ့သို့ လုပ်ငန်းတာဝန်များလည်း သတ်မှတ်ထားခဲ့ပြီးဖြစ်ပါကြောင်း၊ ဖွဲ့စည်းထားသည့် ကော်မတီဝင်များသည် အတွေ့အကြုံရှိသည့် အကြီးအကဲများဖြစ်သည့်အတွက် ဆပ်ကော်မတီဝင်များအချင်းချင်း လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းနှင့် ဆပ်ကော်မတီတာဝန်ရှိသူများအနေဖြင့် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများနှင့် တင်ပြလိုသည့်အချက်များကို ပွင့်ပွင့်လင်းလင်းတင်ပြကြစေလိုကြောင်းဖြင့် အမှာစကားပြောကြား သည်။

ထို့နောက် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချိုတို့က ဆွေးနွေးတင်ပြကြပြီးနောက် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆပ်ကော်မတီများဖြစ်ကြသည့် မုခ်ဦးဖွင့်ပွဲအခမ်းအနားကျင်းပရေး ကော်မတီ၊ ချင်းရိုးရာအခမ်းအနားပြင်ဆင်ရေးနှင့်ဝတ်စားဆင်ယင်မှု ဆပ်ကော်မတီ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပနိုင်ရေးဆပ်ကော်မတီ၊ ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဆုပစ္စည်းများချီးမြှင့်နိုင်ရေးဆပ်ကော်မတီ၊ ဆုချီးမြှင့်ရေးအထောက်အကူပြုဆပ်ကော်မတီ၊ ပြခန်းများကျင်းပရေးဆပ်ကော်မတီ၊ ဖွင့်ပွဲ၊ ပိတ်ပွဲကျင်းပရေးဆပ်ကော်မတီ၊ အရေးကြီးပုဂ္ဂိုလ်များဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီ၊ စာတမ်းမှတ်တမ်းပြုစုရေးဆပ်ကော်မတီ၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ စာရင်းစစ်ဆေးရေးဆပ်ကော်မတီနှင့် ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများက ဆောင်ရွက်မည့်အစီအမံများနှင့် တင်ပြလိုသည့်အချက်များကို ရှင်းလင်းတင်းပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က အကြုံပြုဖြည့်စွက် ဆွေးနွေးကြပြီး (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)