မိုင်းငေါ့မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်အမှတ် သတင်းစကား လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ

မိုင်းငေါ့ ဒီဇင်ဘာ ၃၀

ရှမ်ပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄)ရက် နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက် ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူနှင့်၊  ပြည်သူလူထုများအား အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးန့ အထိမ်းအမှတ် အမျိုးသား ရေး ဦးတည်ချက်(၄)ရပ်၊ လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ အမျိုးသားညီညွတ်ရေး၊ လွတ်လပ်ရေးကို ကာကွယ်ရမယ်၊ ပြည်သူတွေရဲ့ အင်အားသည်သာ အဓိက၊  တို့များဆင်မြန်း လွတ်လပ်ရေးပန်း ကဗျာ၊ ကမ္ဘာတည်သရွေ့စောင့်ရှောက်၊ ကာတွန်း များ၊ ဆောင်ပုဒ်များ စသည့် အကြောင်းအရာများကို ဖော်ပြထားကြောင်း သိရသည်။၏

မြင့်သွယ်(မိုင်းငေါ့  ပြန်/ဆက်)