ပခုက္ကူမြို့၊ ရွှေမုဋ္ဌောဘုရားကြီးအနီးရှိ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးများစိုက်ထည့်

ပခုက္ကူ  ဒီဇင်ဘာ  ၃၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရွှေမုဋ္ဌောဘုရားကြီးအနီးဆိပ်ကမ်းမှ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲအချိန်က ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းလှိုင်၊ အဖွဲ့ဝင်() ဒုတိယဗိုလ်မှူးကြီး မျိုးဝင်းလှိုင်နှင့် ခရိုင်ငါးမျိုးစိုက်ကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးကျော်သူနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပခုက္ကူမြို့၊ ရွှေမုဋ္ဌောဘုရားကြီးအနီး ဆိပ်ကမ်းမှဧရာဝတီမြစ်အတွင်းသို့ ၂လက်မအရွယ်ရှိသည့် ငါးမြစ်ချင်းသားပေါက်ကောင်ရေ ၁၀၀၀၀၀ နှင့် ငါးခုံးမကြီးသားပေါက်ကောင်ရေ ၅၀၀၀၀ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၁၅၀၀၀၀ တို့အား ငါးမျိုးစိုက်ထည့်ပေးကြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးလုပ်ငန်းများ ရေရှည်စဉ်ဆက်မပြတ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးရိက္ခာဖူလုံစေရန်၊ ငါးသယံဇာတများ တိုးပွားလာစေရန်၊ ရေလုပ်သားများလူမှုဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျေးလက်နေပြည်သူများ ငါးများကို ပိုမိုဖမ်းယူစားသုံးနိုင်စေရန်ရည်ရွယ်၍ ဧရာဝတီမြစ်အတွင်းသို့ ငါးသားပေါက်များ ငါးမျိုးစိုက်ထည့်ခြင်းဖြစ်ကြောင်း ပခုက္ကူခရိုင် ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးရဲလွင်သိန်း က ပြောသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)