လသာ ဒီဇင်ဘာ ၃၀
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို မြို့နယ်အဆင့်ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကို ယမန်နေ့နံနက်(၈)နာရီအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကို လသာမြို့နယ် ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာဉီးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်အတွင်း ကျောင်း (၅) ကျောင်းမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူပေါင်း (၁၀၀)ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါပြိုင်ပွဲတွင်မူလတန်းအဆင့် ကျောင်းသူကျောင်းသားများကို အာလူးကောက်ပြိုင်ပွဲ၊ ပူပေါင်း ဖောက်ပြိုင်ပွဲနှင့် ဂုန်နီအိတ် စွပ်ပြိုင်ပွဲ၊ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများကို ထုတ်စည်းထိုးပြိုင်ပွဲနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများကို ဖူဆယ်ပြိုင်ပွဲတို့ ကျင်းပပေးခဲ့ပြီး ပြိုင်ပွဲ အသီးသီးတွင်အနိုင်ရရှိသူများအား ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်