မိတ္ထီလာ ဒီဇင်ဘာ ၃ဝ
မိတ္ထီလာခရိုင်အတွင်းရှိ ၂ဝ၂၁ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့ဆိပ်တော် အလှူခံရရှိတော်မူတော် ဆရာတော်ကြီး ၇ ပါး နှင့် သီလရှင်ဆရာကြီး ၁ ပါးတို့အား ထပ်ဆင့်ဂုဏပူဇာသဘင်နှင့် ၂ဝ၂၁ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ၊ နိကာယ်ငါးရပ်စာမေးပွဲနှင့်ပါဠိ ပထမပြန်စာမေးပွဲတို့တွင် ဖြေဆို အောင်မြင်တော်မူသည့် စာအောင်သံဃာတော်နှင့် သီလရှင်၂၆၅ ပါးတို့အားပူဇော်သော စူဠဘွဲ့နှင်း သဘင်အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က အောင်မင်္ဂလာခန်းမတွင် ကျင်းပကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တသူရိယထံသို့ ဘွဲ့တံဆိပ် အဆောင်အယောင်များနှင့် နဝကမ္မဝတ္ထုငွေ ၅ သိန်းကျပ်အား လေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်ကလည်းကောင်း၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တကောဝိဒ ထံသို့ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များနှင့် နဝကမ္မဝတ္ထုငွေ ၅ သိန်းကျပ်ကို တပ်နယ်မှူး ဗိုလ်မှူးကြီး သန်းနိုင်စိုးနှင့် ဇနီးဒေါ်ဝင်းသန္တာကိုတို့မှလည်းကောင်း၊ ဂန္ထဝါစကပဏ္ဍိတဘွဲ့ တံဆိပ်တော်ရ ဘဒ္ဒန္တပညာသာမိ (မိတ္ထီလာ)ထံ သို့ဘွဲ့တံဆိပ်တော်အဆောင်အယောင်များနှင့် နဝကမ္မဝတ္ထု ငွေ၅သိန်းကျပ်ကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး ကလည်းကောင်း၊ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဝိလာသထံသို့ဘွဲ့တံဆိပ်တော ်ဆောင်အယောင်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လေးကလည်းကောင်း၊ နဝကမ္မဝတ္ထုငွေ ၅ သိန်းကျပ်ကို ဦးကျော်ဆွေ၊ဒေါ်ခင်မိုးဆွေ မိသားစုကလည်းကောင်း၊ ကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တတေဇဝန္တထံသို့ ဘွဲ့တံဆိပ်တော် အဆောင်အယောင်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဦးကျော်ဇေယျက လည်းကောင်း၊ နဝကမ္မဝတ္ထုငွေ ၅ သိန်းကျပ်ကို ဝိသာခါအဖွဲ့( သီလရှင်ထောက်ပံ့လှူဒါန်းရေးအဖွဲ့)ကလည်း ကောင်း၊ ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တခေမာသီရိထံသို့ ဘွဲ့တံဆိပ်တော်အဆောင် အယောင်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမျိုးထက်ဇော်ကလည်း ကောင်း၊ နဝကမ္မဝတ္ထုငွေ ၅သိန်းကျပ်ကို ဦးခင်မောင်ထွန်း၊ဒေါ်မိုးမိုးဝင်း( သီရိသုဓမ္မသိင်္ဂီ) မိသားစု ကလည်းကောင်း၊ ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တပညာသာမိ (ဝမ်းတွင်း)ထံသို့ ဘွဲ့တံဆိပ်တော်အဆောင်အယောင်များကို ဆုတောင်းပြည့်သာသနာ့ဗိမာန် အကျိုးဆောင်အဖွဲ့မှ ဦးညီညီမောင်ကလည်းကောင်း ၊နဝကမ္မဝတ္ထုငွေ ၅ သိန်းကျပ်ကို ဦးဌေးမြင့်၊ ဒေါ်ဝင်းဝင်းခိုင် ( သီရိသုဓမ္မသိင်္ဂီ) မိသားစုကလည်းကောင်း၊ ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး ဒေါ်ဝဏ္ဏသီရိထံသို့ ဘွဲ့တံဆိပ်တော်အဆောင်အယောင်များနှင့်နဝကမ္မဝတ္ထုငွေ ၅ သိန်းကျပ်ကို ခရိုင် အုပ်ချုပ်ရေးမှူး၏ ဇနီးဒေါက်တာ စောမြင့်ထူးကလည်းကောင်း၊ မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ (ရွှေကျင်)ဆရာတော် ဘဒ္ဒန္တသံဝရထံသို့ ၂ဝ၂၁ ခုနှစ် စာအောင်သံဃာနှင့် သီလရှင် စုစုပေါင်း ၂၆၅ ပါးတို့၏ စာအောင်လက်မှတ်များနှင့် နဝကမ္မဝတ္ထုငွေများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးက လည်းကောင်း အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။ ၎င်းနောက် သာသနာတော်ဆိုင်ရာ ဘွဲ့ဆိပ်တော် အလှူခံရရှိတော်မူသော ဆရာတော်ကြီး ၇ ပါးနှင့် သီလရှင်ဆရာကြီး ၁ ပါးတို့ အပါအဝင် ပင့်သံဃာ၊ သီလရှင်စုစုပေါင်း ၃၆ ပါးတို့အား လှူဖွယ်ဝတ္ထုများနှင့် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများနှင့် စေတနာရှင်အလှူရှင်များက စုပေါင်းဆက်ကပ်လောင်းလှူခဲ့ကြောင်း သိရသည်။
ချမ်းသာ