ကလိန်အောင်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးလက်မှတ် ရှိ/မရှိ စစ်ဆေးခြင်း ဆောင်ရွက်

ကလိန်အောင် ဒီဇင်ဘာ ၃၀

ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ် နိုင်‌ရေးအတွက် ကလိန်အောင်မြို့ အဝင်တံတားကြီး၌  ဖြတ်သန်းသွားလာနေကြသည့် မော်‌တော်ယာဉ် များနှင့် ဆိုင်ကယ်များမှ ခရီးသွားပြည်သူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလက်မှတ် ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီ အချိန်ခန့်က စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခြင်းကို ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် နှင့် ဝန်ထမ်းများ၊ ခမရ (၄၁၀) တပ်ရင်းမှ ဒုဗိုလ်ဉာဏ်လင်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးမှူး ဦးသက်ပိုင်စိုးနှင့် တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များနှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ ဝင်များ ပူးပေါင်း အဖွဲ့က  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လက်မှတ်ရှိသူများကိုသာ ဖြတ်သန်း သွားလာ ခွင့်ပြုကြောင်း သိရသည်။

မိုးမိုးခိုင်