မင်းလှမြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများကျင်းပ

မင်းလှ ဒီဇင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို အ.ထ.က မင်းလှ (မြို့တွင်း)၊ (မြို့ပြင်) ကျောင်းနှင့် အ.လ.က လမ်းမတော်တို့ကျောင်းတို့၌ ယနေ့ နံနက် ၉ နာရီအချိန်က ကျောင်းများရှိ အားကစားကွင်းများ၌ ဆရာ/ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အားကစားပြိုင်ပွဲကို အ.ထ.က မင်းလှ (မြို့ပြင်)၌ အထက်တန်းအဆင့် လွန်ဆွဲပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ အ.ထ.က မင်းလှ(မြို့တွင်း)၌ မူလတန်း/ အလယ်တန်းအဆင့် မီတာ(၅၀၀) အပြေး၊ ထုတ်ဆီးတိုး၊ အာလူးကောက်၊ အိတ်စွပ်ပြေး စသည့်ပြိုင်ပွဲများနှင် အ.လ.က လမ်းမတော်၌ မူလတန်း/ အလယ်တန်းအဆင့် အပြေးပြိုင်ပွဲ၊ ထုတ်ဆီးတိုး၊ မုန့်စားပြိုင်ပွဲ၊ အာလူးကောက်၊ အိတ်စွပ်ပြေး စသည့်ပြိုင်ပွဲများကို ကျင်းပ‌ ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းဖြင့် ကျောင်းသား/ ကျောင်းသူ ကလေးငယ်များ နေ့ထူးနေ့မြတ်များကို သိရှိစေခြင်း၊ အားကစားစိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကစားတတ်‌စေခြင်း စသည့်အကျိုးကျေးဇူးရရှိစေရန်  ကျင်းပခြင်းဖြစ်ကြောင်း၊ အားကစားထူးချွန်ဆုများကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးအပ်ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဆရာ၊ ဆရာမများထံမှ သိရသည်။

ပေါက်စ မင်းလှ