မိုင်းစံမြို့ ဝမ်လီ(မူလွန်)ကျောင်း၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ဓာတ်ပုံပြပွဲ ကျင်းပ

မိုင်းစံ ဒီဇင်ဘာ  ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေး‌နေ့အထိမ်းအမှတ်အကြို‌ ဟောပြောပွဲနှင့် ဓာတ်ပုံပြပွဲအား ယနေ့ နံနက် (၁၀)နာရီအချိန်ခန့်က မိုင်းစံမြို့ ဝမ်လီ(မူလွန်)ကျာင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွေးမှ ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူ လူငယ်များအား (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဦးတည်ချက်များနှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးအကြောင်းအရာများအား အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများက မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ဗိုလ်ချုပ်အောင်ဆန်း၏ဘဝပုံရိပ် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

မိုင်းစံ (ပြန်/ဆက်)