ကလိန်အောင်မြို့၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်ဓာတ်ပုံနှင့် သုတ၊ ရသစာအုပ်စာ‌စောင်များ ပြသ

ကလိန်အောင် ဒီဇင်ဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်ဓာတ်ပုံနှင့် သုတ/ ရသ စာအုပ်၊ စာစောင်များပြသခြင်းတို့ကို ယနေ့နံနက် (၁ဝ) နာရီအချိန်က အခြေခံပညာမူလတန်း တပ်နယ်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကလိန်အောင်မြို့ အခြေခံပညာမူလတန်း တပ်နယ်ကျောင်းမှ တာဝန်ခံဆရာမ ဒေါ်ဝေဝေထွန်းက အမှာစကားပြောကြားပြီး ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ခင်လဲ့က အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ‌နေ့ထူးနေ့မြတ်များအကြောင်းကို သိရှိစေရန်၊ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ၊ ခေတ်အဆက်ဆက်လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကြောင်းများ၊ လွတ်လပ်ရေးတိုက်ပွဲဝင် သူရဲကောင်းများ၊ ရရှိပြီးသည့်လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်မြင့်မားရေးတို့ကို အသိပညာပေး ဆွေးနွေးဟောပြောသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြန်မာ့လွတ်လပ်ရေး‌ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများနှင့် မိန့်ခွန်းကောက်နှုတ်ချက်များ၊ လွတ်လပ်နေ့ဖြစ်‌ပေါ်လာပုံနှင့်ပတ်သတ်သည့် သိမှတ်ဖွယ်ရာဗဟုသုတများဖြစ် နံရံကပ်ဓါတ်ပုံနှင့် သုတ/ ရသ စာအုပ်၊ စာ‌စောင်များ ပြသထားရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါးဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)