မုဒုံမြို့၌ ကျောင်းအခြေပြုတီဘီရောဂါရှာဖွေဖော်ထုတ်ခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်

မုဒုံ     ဒီဇင်ဘာ     ၁၈

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ယူနေသည့် ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက တီဘီရောဂါလူနာရှာဖွေကုသခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းကို ယမန်နေ့က အ..က()ကျောင်းရှိ ပညာရတနာခန်းမ၌ ပြုလုပ်သည်။

ဦးစွာ မုဒုံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဆရာဝန်ကြီး ဒေါက်တာကျော်မိုးနိုင်က ကလေးတီဘီလူနာများအား စောလျင်စွာရှာဖွေကုသပေးခြင်းဖြင့် ကလေးတီဘီရောဂါဖြစ်ပွားနှုန်း၊ သေဆုံးနှုန်းကျဆင်းစေရန်နှင့် ကျောင်းသား/သူများ အနေဖြင့် တီဘီရောဂါအကြောင်း၊ တီဘီရောဂါရှာဖွေဖော်ထုတ်ကုသမှုတို့ကို သိရှိနားလည်စေရန် ကျောင်းအခြေပြု တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းအား စီမံချက်အသွင် တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/သူ (၁၂၇၂) ဦးကို စမ်းသပ်စစ်ဆေးခဲ့ရာ သလိပ်စစ်၊ ဓာတ်မှန်ရိုက်စစ်ဆေးရန် လိုအပ်သည့် (၂၀)ဦးကို မြို့နယ်တီဘီတိုက် ဖျက်ရေးဌာနသို့ လွှဲပြောင်း၍ ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)