ကော့သောင်းမြို့တွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ပြုလုပ်

ကော့သောင်း ဒီဇင်ဘာ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့တွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက ရွှေပြည်စိုးကျေးရွာရှိ‌ တောင်သူဦးကျော်ထင်၏ ဆင်းသုခစပါး စိုက်ပျိုးထားသည့်   မိုးစပါးစိုက်ခင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများ၏ ဆင်းသုခ မိုးစပါးစံကွက်ရိတ်သိမ်းမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့်သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက ကြည်ရှုအားပေးခဲ့ကြသည်။

(ကောင်း)ကိုယ်စားပြုအလွှာတွင် တစ်ဧကပျမ်းမျှအထွက်နှုန်း အစိုထွက် ၉၃ ဒဿမ ၇၅ တင်း၊ အခြောက်ထွက် ၈၈ ဒဿမ ၁၉ တင်း ထွက်ရှိခဲ့ကြကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)