လဲချားမြို့နယ်တွင် ယူရီးယားမြေသြဇာများ ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

လဲချား ဒီဇင်ဘာ  ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ယူရီးယားမြေသြဇာများ ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီတွင်ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးကော်မတီဝင်များသည် စျေးနှုန်းများမှန်ကန်စွာ ရောင်းချစေရေးအတွက် ရည်ရွယ်၍ လဲချားမြို့နယ်အတွင်း ဝယ်ယူရောင်းချလျက်ရှိသော ဓာတ်မြေသြဇာအရောင်းဆိုင်များသို့ ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်ပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)