ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကျင်းပ

တောင်ကုတ် ဇူလိုင် ၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ တောင်ကုတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါရုံးရှေ့၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွေး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခေတ္တခရိုင်ဦးစီးမှူး ဦးထွန်းသိန်းနှင့် မြို့မိမြို့ဖ ဦးကျောက်တောင်တို့က ဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များပက်ဖြန်းကြသည်။

အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်