ပလောက်မြို့၌  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ (၃) လပတ် လူမှုရေးပင်စင်အား အဘိုး/အဘွားများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်

ပလောက် ဇူလိုင် ၁

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပလောက်မြို့၊ မြို့ပေါ်ရပ်ကွက်၌  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လူမှုဝန် ထမ်းဦးစီးဌာနမှထောက်ပံ့ပေး အပ်လာပါသဖြင့်ပလောက်မြို့မြို့ပေါ်ရပ်ကွက်များရှိ အဘိုး/အဘွား(၂၆)ဦးအား အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ငွေများကို ပလောက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုး ကြီးကြပ်၍သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးများဖြင့် တစ်ဦးလျှင် ၂၀၂၂ ခုနှစ် ဧပြီ ၊မေ၊ ဇွန်လများအတွက် (၃၀၀၀၀) ကျပ်စီအား အဘိုး/အဘွားများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။

ပလောက်မြို့၌ အသက် ၈၅ နှစ်အထက် အဘိုး၊အဘွား (၂၆)ဦးတို့ အား တစ်ဦးလျှင် ၂၀၂၂ ခုနှစ် ဧပြီ၊ မေ၊ ဇွန်လများအတွက် (၃၀၀၀၀) ကျပ်နှုန်းဖြင့် ငွေကျပ်(၇၈၀၀၀၀)ကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

နှင်းမြူလွင်(ပလောက်)