အောင်လံ ဇူလိုင် ၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် တရော်ကုန်းရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား ခရိုင်အထွေထွေအုပ်ချု်ပရေးဦးစီးဌာနအဆင့်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၆ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းမှ ကြီးမှူး၍ မြို့နယ်သံဃာ့နာယက သီတဂူအရှင် ဦးဇောတိက (မဟာသဒ္ဓမ္မ ဇောတိကဇေ) ဆရာတော်နှင့် ပင့်သံဃာ(၅)ပါးတို့ထံမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူ၍ သံဃာတော်များအား ဆွမ်း၊ အချိုပွဲနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ “ ခရိုင်အထွေထွေအုပ်ချု်ပရေးဦးစီးဌာန အောင်လံခရိုင်၊ အောင်လံမြို့” ဆိုင်းဘုတ်တင် အခမ်းအနားကို နံနက် ၇ နာရီ ၄၅ မိနစ် အချိန်တွင်ပြုလုပ်ခဲ့ပြီး ၎င်းဆိုင်းဘုတ်အား ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့မိ၊ မြို့ဖများမှ အမွှေးနံ့သာများ ပတ်ဖြန်း၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်သန်းမှ ရွှေမိုး၊ ငွေမိုးများ ပက်ကြဲကာ စုပေါင်းအမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။
ထို့နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးမြင့်သန်း၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဒေါ်မွန်မွန်အုန်းမှ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများနှင့် တွေ့ဆုံကာ ဇူလိုင်လ(၁) ရက်နေ့ နံနက်၉နာရီမှ စတင်၍ ခရိုင်အုပ်ချု်ပရေးမှူးလုပ်ငန်းများ စတင်ထမ်းဆောင်နေပြီဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
မျိုးသိန်း(ပြန်/ဆက်)