ရေဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ငွေနှင့် စာရေးကိရိယာများပေးအပ်

ရေဖြူ ဇူလိုင် ၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးစာရေးကိရိယာများအား ပေးအပ်ခြင်းအခမ်းအနားကို ရေဖြူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်သာဝတီခန်းမတွင် ယနေ့ နေ့လယ် ၁ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းက ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲတွင် အဖွင့်အမှာစကား ပြောကြားပြီး ဝန်ထမ်းသားသမီးများအား ထောက်ပံ့ငွေနှင့် စာရေးကရိယာများအပ်ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ပညာသင်ထောက်ပံ့ကြေးကို ဝန်ထမ်းသားသမီး (၂၇)ဦးက လက်ခံရယူပြီး ထောက်ပံ့ငွေ (၃၃၁၅၀၀) ကျပ်နှင့် ဗလာစာအုပ်၊ ဘောပင်၊ ခဲတံများကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရေဖြူ (ပြန်/ဆက်)