လူမှုရေးရာ၀န်ကြီးအမျိုးသမီးကော်မတီ (၂/၂၀၂၂)  ညှိနှိုင်းအစည်းအဝေး တက်ရောက်

မော်လမြိုင် ဇူလိုင် ၁

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အမျိုးသမီးကော်မတီ (၂/၂၀၂၂) ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းအချိန်က ပြည်နယ် လူမှု၀န်ထမ်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုရေးရာ၀န်ကြီး တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မွန်ပြည်နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာ၀န်ကြီး ဦးမြတ်သွင်က အမှာစကား ပြောကြားရာ တွင်မွန်ပြည်နယ် အမျိုးသမီးကော်မတီရဲ့ လုပ်ငန်းဆောင်ရွက်ချက်၊ ရှင်းလင်းအကြံပြု သုံးသပ်ခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကို ချမှတ်ဆွေးနွေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာမှာ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာတွေ ရေးဆွဲတာကို နိုင်ငံတော်အစိုးရအနေနဲ့ ဆောင်ရွက်ပြီး လုပ်ငန်းစီမံချက် အကောင်အထည်ဖော်တာကတော့ ပြည်နယ်/ ခရိုင်/ မြို့နယ် အမျိုးသမီးကော်မတီတွေနဲ့ အမျိုးသမီးအရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါ၀င်မှုနဲ့ ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊၂၀၂၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှာ ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ်ခန်းမမှာ အခမ်းအနား ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း အခမ်းအနားမှာ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်ပြသတဲ့ အစီအစဉ်တွေကို ထည့်သွင်းသွားမှာဖြစ်ပါကြောင်း မွန်ပြည်နယ် အမျိုးသမီးကော်မတီအနေနဲ့ အမျိုးသမီးအရေးကိစ္စနဲ့ ပတ်သက်ပြီး တက်တက်ကြွကြွ ပါ၀င်လှုပ်ရှားခဲ့တဲ့ အစဉ်အလာကောင်းတွေကို ဆက်လက်ထိန်းသိမ်းပြီး ကော်မတီရဲ့ ရှေ့ဆက်ဆောင်ရွက်ရမဲ့ လုပ်ငန်းစဉ်တွေကို မိမိတို့ရဲ့ အတွေ့အကြုံ ဗဟုသုတများကို အခြေခံပြီး ဆွေးနွေးပေးကြရန် ပြောကြားခဲ့သည်။

ဆက်လက်ပြီး အမျိုးသမီးကော်မတီ အတွင်းရေးမှူး  ပြည်နယ်လူမှု၀န်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လဲ့ယဉ်၀င်းက အမျိုးသမီးကော်မတီ၏ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး  ပြည်နယ်အမျိုးသမီးကော်မတီအဖွဲ့၀င်များက မိမိတို့ဌာနများအနေဖြင့် ဆောင်ရွက်ကြမည့်လုပ်ငန်း အခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်