သာယာဝတီမြို့၌ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးသင်တန်းအမှတ်စဉ် (၂/၂၀၂၅-၂၀၂၆) ဖွင့်လှစ်

သာယာဝတီ စက်တင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးသင်တန်း အမှတ်စဉ် (၂/၂၀၂၅-၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို သာယာဝတီမြို့၊ အင်းရွာတောင်သူလယ်သမားသင်တန်းကျောင်း၌ စက်တင်ဘာ ၂၄ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သာယာဝတီခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွေးက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်းမှ ပြည်ပပို့ကုန်၊ သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါသင်တန်းသို့ သာယာဝတီခရိုင်အတွင်းရှိ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ၊ တောင်သူ စုစုပေါင်း (၄၀)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)