ငါန်းဇွန် စက်တင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၊ အမှတ် (၂) ရပ်ကွက်ရှိ ရှင်ပင်ချမ်းသာကြီးဘုရားဝင်းအတွင်းရှိ အေးငြိမ်းချမ်းသာဓမ္မာရုံ၌ စက်တင်ဘာ ၂၆ရက်နေ့ မွန်းလွဲ ၁ နာရီက ရပ်ကွက်နေပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ပြုလုပ်ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္က ဦးမျိုးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးအောင်သီဟက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေရေးရာကိစ္စများ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဒေါ်ခိုင်ဇာလင်းက မဲပေးစက်နှင့်စပ်လျဉ်းသည့် အကြောင်းအရာများ ရှင်းလင်းပြောကြားခြင်းနှင့် တက်ရောက်လာသော အမှတ် (၂) ရပ်ကွက်နေ ပြည်သူများက ကိုယ်တိုင်လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)