အင်္ဂပူ ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ စက်မှုလယ်ယာစခန်း(ဆွယ်) အင်္ဂပူမြို့မှ KUBOTA ကောက်စိုက်စက် (၆-တန်းသွား)ဖြင့် သရုပ်ပြကောက်စိုက်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မဲဇလီကုန်း မြို့၊ အမှတ်(၄)ရပ်ကွက်၊ ဧက(၁၀၀)စိုက်ခင်းရှိ တောင်သူ ဦးဝင်းထိန်၏ (၁.၅)ဧကကွက်တွင် ပြုလုပ် ခဲ့သည်။
အဆိုပါ သရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်း အကောင်အထည် ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ စက်မှုလယ်ယာစခန်း (ဆွယ်)၊ အင်္ဂပူမြို့မှ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ကိုကိုတင်နှင့် ဝန်ထမ်းများ၊ ဧက(၁၀၀)စိုက်ခင်းမှ တောင်သူ များက (KUBOTA) ကောက်စိုက်စက် (၆-တန်းသွား) ဖြင့် သရုပ်ပြစိုက်ပျိုးမှုအား ကြည့်ရှု့အားပေးခဲ့ကြောင်းနှင့် KUBOTA ကောက်စိုက်စက်(၆)တန်းသွား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရခြင်းဖြင့် ပျိုးထောင်ရလွယ်ကူခြင်း၊ မျိုးစေ့ကုန်ကျမှုနည်းပါးခြင်း၊ ပျိုးပင်များ နှုတ်ယူရန်မလိုခြင်း၊ ပျိုးပင်မနာသဖြင့် ကောက်ပင်လှန်ရက် စောင့်ဆိုင်းရန်မလိုခြင်း၊ ကောက်ပင်များ နေ၊ ရေ၊ လေ၊ အာဟာရ မျှတစွာ စားသုံးရခြင်း၊ ကောက်ရိတ်စက်ဖြင့် စိုက်ပျိုးထားသော စပါးခင်းအား ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် အလွယ်တကူ ရိတ်သိမ်းနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)