အုတ်ဖိုမြို့နယ် ပေါင်းတည်စု-တိမ်မြှုပ်ကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်

အုတ်ဖို ဇူလိုင် ၅

ဒေသခံပြည်သူများ သွားလာရေး လွယ်ကူစေရန်နှင့် ကုန်ထုတ်လုပ်မှု လွယ်ကူစေရန်အတွက်၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပေါင်းတည်စု-တိမ်မြှုပ်ကျေးရွာ ကုန်ထုတ်လမ်း ဆောင်ရွက်နေမှု အခြေအနေအား သာယာဝတီခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးသန်းလွင်မှ ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုရာ မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်စိုးမှ လိုက်လံရှင်းလင်းပြသခဲ့ပြီး ခရိုင်ဦးစီးမှူး ဦးသန်းလွင်မှ သက်မှတ်အရည်အသွေး ပြည့်မှီအောင် ဆောင်ရွက်ရန်၊ သက်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး အဆိုပါ လမ်းကို  မြေသားလမ်းအရှည် (၇၉၂၀)ပေ၊ အကျယ်(၁၂)ပေ၊ အမြင့် (၂)ပေ၊ မြေနီလမ်းအရှည်(၇၉၂၀)ပေ၊ အကျယ်(၁၀)ပေ၊ အမြင့် (၉)လက်မဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ရာနှုန်းပြည့် ပြီးစီးပါက ၎င်းလမ်းအား အသုံးပြုမည့် ဒေသခံပြည်သူများ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်မြင့်မားလာကာ ပိုမို အဆင်ပြေချောမွေ့လာနိုင်မည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အောင်သူ