ဇလွန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ မိုးရာသီ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား

ဇလွန် ဇူလိုင် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သော ၂၀၂၂ ခုနှစ်  မိုးရာသီအားကစား သင်တန်းအား ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ မြို့နယ် ပြည်သူ့ဘောလုံးအားကစားကွင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

အဆိုပါ အားကစားသင်တန်းတွင် U -16 အမျိုးသားဘောလုံး သင်တန်း၊ U-18 အမျိုးသမီး ဘောလုံး သင်တန်း၊ ပြေးခုန်ပစ်စသည့် အားကစားနည်းများအား နည်းပြများမှ သင်တန်းသား၊ သင်တန်းသူ (၈၂)ဦးကို သင်တန်းများအလိုက် စနစ်တကျ လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ သင်တန်းသို့ မည်သူမဆို အခမဲ့တက်ရောက်သင်ကြားနိုင်ကာ သင်တန်းကာလအဖြစ် (၁-၇-၂၀၂၂) ရက်နေ့မှ (၁၅-၇-၂၀၂၂) ရက်နေ့အထိ (၁၅) ရက်တိုင်တိုင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံ -  ဇလွန် (ပြန်/ဆက်)