ပန်းတနော်မြို့တွင် မိုးရာသီအဆင့်မြင့် အားကစားသင်တန်း ဖွင့်လှစ်သင်ကြားပေး

ပန်းတနော် ဇူလိုင် ၅

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ စီစဉ်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးလာစေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မိုးရာသီအဆင့်မြင့် အားကစားသင်တန်းကို ဇူလိုင် ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ အ.ထ.က (၁) ကျောင်း အားကစားကွင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

အဆိုပါ သင်တန်းတွင် ကျား/ မ ဘောလုံးအားကစားနည်း၊ ပြေးခုန်ပစ်အားကစားနည်းများကို သင်ကြားပေးလျက်ရှိရာ ပန်းတနော်မြို့ အ.ထ.က (၁) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဇူလိုင် ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနည်းစနစ်မှူး ဒေါ်သိမ့်သိမ့်နွေးနှင့် သင်တန်းနည်းပြများက ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)