ဒေးဒရဲမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်သံဂဟေဆက်  သင်တန်းဆင်းပွဲ ကျင်းပ

ဒေးဒရဲ ဇူလိုင် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက် သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်စွာမြင့်က ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားစေရေး ရည်ရွယ်၍ လျှပ်စစ်သံဂေဟဆက် သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပြီး သင်တန်းသားများအနေဖြင့် တတ်မြောက်ထားသော ပညာရပ်များဖြင့် မိသားစုနှင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ မြစိမ်းရောင်ကျေးရွာများမှ တက်ရောက်ပညာသင်ယူလျက်ရှိသူများအား မြစိမ်းရောင်ချေးငွေများဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်​ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဒေးဒရဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် လျှပ်စစ်သံဂဟေဆက် သင်တန်းကို ကျေးရွာ()အုပ်စုမှ သင်တန်းသား (၃၀)ဦးဖြင့် ၂၀၂၂ခုနှစ်၊ ဇွန်လ(၆)ရက်နေ့မှ စတင်၍ တစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသင် ကြားပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း