နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး သဲကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှု

သဲကုန်း ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးသည် သဲကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က သဲကုန်းမြို့နယ်တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့သည်  အ.ထ.က ဝက်ပုတ်ကျောင်းတွင် ၂၀၂၂ -၂၀၂၃ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ (၇၄.၉၂၅) သန်းဖြင့် ဆောင်ရွက်သည့် (၉၀ပေ×၃၀ပေ) Steel Strycture (၁)ထပ် စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး ချားလျားကုန်းကျေးရွာ ကွင်းအမှတ်(၉၇၄) ဦးပိုင်အမှတ်(၁၀၁) တောင်သူ ဦးအောင်ဇော်ဦး၏ မိုးစပါးမျိုးစေ့ထုတ်ပျိုးခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ လောင့်ကြီးကျေးရွာအုပ်စု၊ ရွာလှရွာ ကွင်းအမှတ် (၉၈၆) ဦးပိုင်အမှတ်(၃၁၂) တောင်သူဦးနေဝင်းပါ တောင်သူလေးဦး၏ GAP ဟင်းသီးဟင်းရွက် စိုက်ခင်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။.                                           

ဆက်လက်၍ အ.မ.က ကန်နှစ်ဆင့်တွင် (၁၂၀ပေ×၃၀ပေ) Steel Strycture (၁)ထပ် စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်ရန် မြေနေရာ ပန္နရိုက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့သည်။ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံး၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပြီး မိုးကုတ်ဝိပဿနာ ဓမ္မိရိပ်သာကျောင်းတိုက်သို့ သွားရောက်၍ မြို့သံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)