မဟာအောင်မြေ စက်တင်ဘာ ၂၆
မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ် အာစရိယပူဇော်ပွဲကျင်းပရေးဆပ်ကော်မတီ ပဉ္မမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီက မန္တလေးတက္ကသိုလ် URC အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦးက မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ်အာ စရိယပူဇော်ပွဲကျင်းပနိုင်ရေးနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ အာစရိယပူဇော်ပွဲကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမေသွယ်အေး၊ အာစရိယပူဇော်ပွဲ ဆပ်ကော်မတီအဖွဲ့ဝင်များ၊ မန္တလေးတက္ကသိုလ်မှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖနှင့် ကျောင်းသားဟောင်းများ အာစရိယပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မန္တလေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့တွင် အသက် (၇၀) ပြည့်မည့် ဘာသာရပ်ပေါင်းစုံမှ ကန်တော့ခံအငြိမ်းစား ဆရာကြီး၊ ဆရာမကြီး ၆၁၆ ဦးအား အတည်ပြုစာရင်း ထုတ်ပြန်ကာ မန္တလေးတက္ကသိုလ် ရာပြည့်အထိမ်းအမှတ်နေ့တွင် အာစရိယပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်စေရေးအတွက် တက်ရောက်လာသူများအား လုပ်ငန်းတာဝန်ခွဲဝေပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း