ကျောင်းကုန်းမြို့၌ ခွေးရူးရောဂါဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ

ကျောင်းကုန်း စက်တင်ဘာ ၂၆

(၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်ခန့်က အ.ထ.က(၁)ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ကြည်ကြည်မြင့်က ခွေးရူးရောဂါဆိုင်ရာ အသိပညာများပြောကြားခဲ့ပြီး၊ ဝန်ထမ်းများက လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကာ ခွေးနှင့်ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေးများကို မြို့နယ်အတွင်း အခမဲ့လိုက်လံထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)