ရွှေဘို စက်တင်ဘာ ၂၆
လူမှု့ဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနရွှေဘိုမြို့နယ်မူလတန်းကြိုကျောင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ဥာဏစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ(၂၄)ရက်နေ့ နံနက်ပိုင်းအချိန်ကကျင်းပရာ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းကမိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ဥာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်း၏ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။
ထို့နောက် မိဘဆရာအသင်းနာယကကြီးနှင့် အမှု့ဆောင်များ၏ ကျောင်းဖွံ့ဖြိုးရေးဆောင်ရွက်ချက်များအား ကျေးဇူးတင်စကားပြန်လည်ပြောကြားခြင်း၊ အတွင်းရေးမှူးက ၂၀၂၄-၂၀၂၅ခုနှစ်၊မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးသို့ တင်သွင်းသောအစီရင်ခံစာဖတ်ကြားခြင်း၊ ဘဏ္ဍာရေးမှူးက ၂၀၂၄-၂၀၂၅ခုနှစ်၊ မိဘဆရာအသင်းရန်ပုံငွေ ရငွေ/သုံးငွေစာရင်းရှင်းတမ်းအားဖတ်ကြားခြင်း၊ မိဘဆရာအသင်းအမှုဆောင်ဟောင်းများနှုတ်ထွက်ခြင်း၊ အမှုဆောင်သစ်များရွေးခြယ်ခြင်းအမည်စာရင်းဖတ်ကြားခြင်း၊ထောက်ခံခြင်းနှင့် ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် အကြီးတန်း/အငယ်တန်းသားငယ်၊ သမီးငယ်လေးများကဆုရ ကဗျာ၊ ပုံပြင်၊ သီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ပြီး ဆေးရောင်ခြယ်၊ ပုံပြင်ပြော၊ ပန်းချီ၊ ကဗျာရွတ်၊ သီချင်းဆိုပြိုင်ပွဲများတွင် ဆုရရှိကြသည့် သားငယ်၊ သမီးငယ်လေးများအား ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ဝင်း၊ကျောင်းအုပ်ဆရာမကြီးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာမများ၊ မိဘဆရာအသင်းနာယက၊ အမှုဆောင်၊ အတွင်းရေးမှူးနှင့် အသင်းဝင်များက ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးမြင့်စန်း(ပြန်/ဆက်)