တောင်ငူမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်အိမ်ထောင်စု (၂၇၇)အား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ငွေများပေးအပ်

တောင်ငူ စက်တင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသူများ ပြန်လည်ထူထောင်ရေးအတွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့ပူးပေါင်းကာ စက်တင်ဘာ ၂၃ ရက် နံနက်ပိုင်းက ငလျင်ဘေးသင့်အိမ်ထောင်စု (၂၇၇)အား  ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ထိုသို့ထောက်ပံ့ငွေပေးအပ်ရာတွင် တောင်ငူခရိုင် ကြက်ခြေနီအသင်းအဖွဲ့ဥက္ကဋ္ဌ ဦးမိုးမြင့်၊ ခရိုင်ကြက်ခြေနီအသင်းတပ်ဖွဲ့မှူး ဒေါ်မြင့်မြင့်အေးနှင့်အသင်းဝင်များက တောင်ငူမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်အိမ်ထောင်စု(၂၇၇)အား တစ်အိမ်ထောင်လျှင် ငွေကျပ် ၄ သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်(၁၁၀၈)သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)