မင်းတုန်း စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပရာ အ.ထ.က(မင်းတုန်း)မှ Grade-8 ကျောင်းသား၊ ကျောင်းသူ (၂၉)ဦး တက်ရောက်ခဲ့ကြသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ လူငယ်များ ကျန်းမာသန်စွမ်းသည့် လူငယ်များဖြစ်လာစေရေးအတွက် လူငယ်နှင့်ကျန်းမာရေးဆိုင်ရာများ၊ အကျင့်စာရိတ္တကောင်းမွန်သည့် လူငယ်များဖြစ်လာစေရေးအတွက် ကောင်းမွန်သည့် အကျင့်စာရိတ္တမွေးမြူနိုင်ရေးနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာများ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ချင်းကလေး(NRDC)