ကော့သောင်းမြို့၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲဆောင်ရွက်

ကော့သောင်း ဇူလိုင် ၇

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ အ.လ.က(ခွဲ) ရွှေဇင်ယော်(၁)ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲတစ်ရပ် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဆောင်ရွက်မှုတွင် အဆိုပါကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးအန္တရာယ်များဖြစ်သော (မီးဘေး၊လေပြင်းဘေး၊မုန်တိုင်းဘေး၊ဆူနာမီဘေး) စသည့်တို့ကျရာက်လာပါက ဆောင်ရန်/ရှောင်ရန်များကို Video Animation များပြသခြင်း၊ ရှင်းလင်းဟောပြောခြင်း၊ လက်တွေ့ပြသခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဖြင့် သဘာဝဘေးအသိပညာပေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ကျော်စိုး(ကော့သောင်း)