မောက်မယ်မြို့နယ်၌ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ၂၀၂၂−၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် မိဘဆရာအသင်း နှစ်ပတ်လည်တွေ့ဆုံပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မောက်မယ်အခြေခံပညာအထက်တန်းကျောင်း၊ နှင်းဆီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။