မိုင်းခုတ် ဇူလိုင် ၇
ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၂)နှစ်ထိကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နေ့လယ် ၁ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(ဝမ်ကတ်)နှင့် အခြေခံပညာမူလတန်းကျောင်း (နောင်တုံ)ဆေးထိုးစုရပ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm (ဒုတိယအကြိမ်)ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အခြေခံပညာအထက်တန်းကျောင်းဆေးထိုးစုရပ်တွင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား(၅၆)ဦး၊ ကျောင်းသူ(၅၅)ဦး၊ ပေါင်း(၁၁၁)ဦးနှင့် အခြေခံပညာမူလတန်းကျောင်း (ဟိုခန့်)မှ ကျောင်းသား (၁၂)ဦး၊ ကျောင်းသူ (၁၀)ဦး၊ ပေါင်း (၂၂)ဦးကိုလည်းကောင်း၊ အခြေခံပညာမူလတန်းကျောင်း (ဝမ်ကတ်)တွင် ကျောင်းသား(၁၉)ဦး၊ ကျောင်းသူ(၂၃)ဦး၊ ပေါင်း(၄၂)ဦးနှင့် အခြေခံပညာမူလတန်းကျောင်း(နောင်တုံ)တွင် ကျောင်းသား(၁၆)ဦး၊ ကျောင်းသူ(၁၈)ဦး၊ ပေါင်း(၃၄)ဦးကိုလည်းကောင်း၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၂၀၉)ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm၊ တစ်လုံးလျှင် (၅)ဦးနှုန်းဖြင့် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မိုင်းခုတ်မြို့၊ ဝမ်ကောင်းကျေးရွာ၊ ကျေးလက်ကျန်းမာရေး ဆရာမ ဒေါ်ကေသီထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး သက်ဆိုင်ရာ ဆရာ၊ ဆရာမများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)