ငဖဲမြို့နယ်တွင် အသက် ၅နှစ်မှ ၁၂နှစ်အထိ ကျောင်းသား/သူ(၄၉၅၉)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေး

ငဖဲ ဇူလိုင် ၇

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ မြေပြန့်နှင့်သွားလာရခက်ခဲသော တောင်ပေါ်ဒေသ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေကြသော ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန်အတွက် အသက် ၅နှစ် မှ ၁၂ နှစ်အထိ ကျောင်းသား/သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်ကြီးကြပ်မှုဖြင့်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဇူလိုင်လ ၅ ရက်နေ့ မှစတင်၍ ယနေ့ထိ ရပ်ကွက်/ကျေးရွာ စာသင်ကျောင်းများအရောက် ကွင်းဆင်းထိုးနှံပေးခဲ့ရာ စုစုပေါင်း ကျောင်းသား/သူ (၄၉၅၉)ဦးအား ထိုးနှံပြီးစီးခဲ့ကြောင်းသိရသည်။

ငဖဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဖွင့်လှစ်သင်ကြားသော အထက်တန်းကျောင်း (၃) ကျောင်း၊ အ.ထ.က(ခွဲ)(၃)ကျောင်း၊ အ.လ.က (၅)ကျောင်း၊ အ.လ.က(ခွဲ)၁၁ ကျောင်း၊ မူလွန် (၁၅) ကျောင်း၊ အ.မ.က(၃၄)ကျောင်းနှင့် အ.မ.က(ခွဲ) ၁၁ ကျောင်း စုစုပေါင်း (၈၂)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၃)ကျောင်း ဖွင့်လှစ်ထားရှိပြီး အဆိုပါကျောင်းများမှ အသက်၅နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား/သူ (၄၉၅၉) ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့်  ဆေးထိုးရန်ကျန်ရှိနေသော စာသင်ကျောင်းများသို့ ဆက်လက်သွားရောက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)