မိုင်းခုတ် ဇူလိုင် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ နောင်တုံကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ တက်ရောက်ပညာသင်ကြားနိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် အာရ်စီတစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်လျက်ရှိရာ ယခုအခါ ၁၀၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောင်းဆောင်သစ်မှာ အလျား ၆၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့်(၁၂)ပေရှိ အာရ်စီတစ်ထပ် အမျိုးအစားဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၂၇၀)ဖြင့် မိုးသောက်ထွန်းကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)