တွန်းဇံမြို့၌ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

တွန်းဇံ ဇူလိုင် ၇

ချင်းပြည်နယ် တွန်းဇံမြို့နယ်  ကျန်းမာ‌ရေးဝန်ထမ်းများက မြို့နယ်ဆရာဝန်ကြီးဦးဆောင်မှုဖြင့် တွန်းဇံမြို့နယ်အတွင်းရှိ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့နံနက် ၉ နာရီအချိန်က စတင်၍ တွန်းဇံအထကကျောင်း၌ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်‌ဆေးထိုးနှံပေးရာ၌ အထက်တန်းကျောင်း တွန်းဇံမှ ကျောင်းသား/သူ ၂၄၁ ဦး၊ အလယ်တန်းကျောင်းတုန်းတွောင်မှ ကျောင်းသား/သူ ၃၄ ဦး၊ မူလတန်းလွန်ကျောင်း တွီးတွန်းမှ ကျောင်းသား/သူ ၂၇ ဦးနှင့် မူလတန်းလွန်ကျောင်း ဗျဲလ်ကျင်းမှ ကျောင်းသား/သူ ၂၂ ဦး စုစုပေါင်း ၃၂၄ ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharn ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံပညာကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးရာတွင် အထက်ဖော်ပြပါ ကျောင်းများမှ ကျန်ရှိနေသေးသော ကျောင်းသား၊ ကျောင်းသူ ၄၈၃ ဦးတို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်အဖြစ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)