ဖျာပုံ ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှမြို့နယ်ဦးစီးမှူး ဦးဇော်လွင်နှင့်ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် GlS နည်းပညာဖြင့် တည်နေရာ (Point)များ ကွင်းဆင်းကောက်ယူခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိကြသည်။
အဆိုပါ GlS နည်းပညာဖြင့် ရပ်ကွက်/ကျေးရွာများသို့ တည်နေရာ(Point)များ ကွင်းဆင်း ကောက်ယူခြင်းနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု တည်နေရာများကို လာမည့် ၂၀၂၄ သန်းခေါင်စာရင်းအတွက် ကြိုတင်၍ ရပ်ကွက်၊ ကျေးရွာအုပ်စုတည်နေရာများကို ကွန်ပျူတာစနစ်ဖြင့် တည်နေရာ ရှာဖွေခြင်းကို ရပ်ကွက်အလိုက် ပြုလုပ်ဆောင်ရွက်ခြင်း Geographical lnformation Systen (GlS) စနစ်ဖြင့် ရပ်ကွက်/ကျေးရွာ တည်နေရာ (Point) ကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိကြပြီး၊ ဆက်လက်၍ ကျန်ရှိနေသော ရပ်ကွက်/ကျေးရွာများသို့လည်း၊ နေ့ရက်အလိုက် ကွင်းဆင်း၍ ဆက်လက်ကောက်ယူသွားမည်ဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ သိရှိရသည်။
အောင်ဝင်းနိုင်(ခရိုင်ပြန်/ဆက်)