လှိုင်းဘွဲမြို့နယ် ဝင်းစိန်ကျေးရွာတွင် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ဝင်းစိန်ကျေးရွာတွင် ဗုဒ္ဓဘာသာတို့၏ ဝါဆိုလအတွင်း ကုသိုလ်တရားများရရှိရေးအတွက်  ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဝင်းစိန်ကျေးရွာ ကျိုက်မုထောစေတီ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ညောင်တုန်းမြို့နယ်တွင် ရေဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဦးဆောင်၍ ရေဘေးအသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၀နာရီအချိန်က မြို့နယ်အတွင်းရှိ လူစည်ကာရာနေရာများဖြစ်သည့် ဈေးများနှင့် သင်္ဘောဆိပ်များ၌ ဖြန့်ဝေခဲ့သည်။

မြင်းခြံမြို့ သာပေါင်းကျေးရွာတွင် ၂၀၂၂-၂၀၂၃ ခုနှစ် ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ် ဧက (၁၀၀) စံပြကွက် ထောက်ပံ့ပစ္စည်းများပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် သာပေါင်းကျေးရွာတွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပြည်ထောင်စုရန်ပုံငွေ အစီအစဉ်ဖြင့် ချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ် ဧက (၁၀၀) စံပြကွက် ထောက်ပံ့‌ပစ္စည်းပေးအပ်ပွဲကို ယမန်နေ့နေ့လယ် (၃) နာရီအချိန်တွင် သာပေါင်းမြစ်ရေတင် ရှင်း လင်းဆောင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျုံပျော်တွင် မိုးစပါးဧကပေါင်း ၁ သိန်း ၁ သောင်းကျော် စိုက်ပျိုးနိုင်ခဲ့

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်သည် မြစ်ဝကျွန်းပေါ် ဆန်စပါး အများအပြားထွက်ရှိရာ ဒေသ ဖြစ်သည်နှင့် အညီ ၂၀၂၂ ခုနှစ်၊ မိုးစပါးစိုက်ရာသီ၌ စပါးစိုက်ဧကပေါင်း (၁၁၅၄၀၈) ဧက စိုက်ပျိုးထားရှိနိုင်ခဲ့ ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးကျော်ကျော်ထံမှ ယနေ့ သိရသည်။

မုဒုံမြို့၌ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့‌

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့‌ငွေများပေးအပ်ခြင်းကို ဇူလိုင် ၆ ရက်နေ့ ညနေပိုင်းက မြို့မ (၄) ရပ်ကွက်ရှိ သက်ကြီးဘိုးဘွားများထံ တာဝန်ရှိသူများက လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

ကျွန်းလှမြို့နယ်၌ အသက် ၅ နှစ်မှ အသက် ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက် ၅ နှစ်မှ အသက် ၁၂အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ဇူလိုင် ၇ ရက်နေ့နံနက် ၉ နာရီက ကျွန်းလှမြို့ပေါ် အခြေခံပညာအထက်တန်းကျောင်းများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ အခြေခံပညာကျောင်းများ၌ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း အစီအစဉ်ကို ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင်လ ၇ ရက်နေ့၊ နံနက်ပိုင်းက အ-လ-က(ခွဲ) ဗိုလ်ချုပ်လမ်းကျောင်းရှိ ဇွန်လ အတွင်း(ပထမအကြိမ်) ကာကွယ်ဆေး ထိုးနှံထားသည့် ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယ အကြိမ်) ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ (ပထမအကြိမ်) ကာကွယ်ဆေးထိုးနှံရမည့် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်း များကို ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါ ကျောင်းတွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားသည့် အသက်(၅)နှစ်မှ (၁၂)နှစ် အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၇၉ )ဦးရှိကြောင်း သိရသည်။

တပ်ကုန်းမြို့၌ VDP စီမံကိန်းကျေးရွာ(၁၁)ရွာနှင့်Cash For Work စီမံကိန်းကျေးရွာ(၂)ရွာအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ကျေးရွာ(၁၁)ရွာနှင့် Cash For Work စီမံကိန်းကျေးရွာ(၂)ရွာအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရွှေဘိုတက္ကသိုလ်၌ ၂၀၂၂ခုနှစ် မိုးရာသီစု​ပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်များကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး ရွှေဘိုခရိုင်/မြို့နယ် သစ်​တောဦးစီးဌာနတို့ ပူး​ပေါင်းကာ ၂၀၂၂ခုနှစ် မိုးရာသီတစ်အုပ်တစ်မ (တမာ) သစ်ပင် စု​ပေါင်းစိုက်ပျိုးပွဲကို ယနေ့နံနက် ၇နာရီခွဲက​ရွှေဘိုတက္ကသိုလ် ကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ဒလမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လျှပ်စစ်အန္တရာယ် အသိပညာပေးဟောပြောပွဲနှင့်လက်ကမ်းစာစောင်များဖြန့်ဝေ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အစည်းအဝေးခန်း၌  ယမန်နေ့က  လျှပ်စစ်အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Subscribe to