ငါးသိုင်းချောင်း ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ အခြေခံပညာကျောင်းများ၌ အသက်(၅)နှစ်မှ (၁၂)နှစ်အထ ိကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း အစီအစဉ်ကို ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင်လ ၇ ရက်နေ့၊ နံနက်ပိုင်းက အ-လ-က(ခွဲ) ဗိုလ်ချုပ်လမ်းကျောင်းရှိ ဇွန်လ အတွင်း(ပထမအကြိမ်) ကာကွယ်ဆေး ထိုးနှံထားသည့် ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယ အကြိမ်) ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ (ပထမအကြိမ်) ကာကွယ်ဆေးထိုးနှံရမည့် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါ ကျောင်းတွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံထားသည့် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၇၉ )ဦးရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို သက်ဆိုင်ရာမြို့ ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဌာန၊ မြို့ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမများ လူမှုရေး အသင်းအဖွဲ့များက ပူးပေါင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပြီး ငါးသိုင်းချောင်းမြို့ပေါ်ရှိ အလက(ခွဲ) ဗိုလ်ချုပ်လမ်း၊ အလက (ခွဲ)မြို့သစ်၊ အမက(ရေတံခွန်)နှင့် အမက(ရွှေဘို) ကျောင်းများ၌ ကာကွယ်ဆေးထိုးနှံပေးခြင်း အစီအစဉ်ကို ဆောင်ရွက်သွားပေးမည်ဖြစ်ကြောင်း သိရ သည်။
စိုးမင်းဦး(ပြန်/ဆက်)