ရွှေဘိုတက္ကသိုလ်၌ ၂၀၂၂ခုနှစ် မိုးရာသီစု​ပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်များကျင်းပ

ရွှေဘို ဇူလိုင်၇

စစ်ကိုင်းတိုင်း​ဒေသကြီး ရွှေဘိုခရိုင်/မြို့နယ် သစ်​တောဦးစီးဌာနတို့ ပူး​ပေါင်းကာ ၂၀၂၂ခုနှစ် မိုးရာသီတစ်အုပ်တစ်မ (တမာ) သစ်ပင် စု​ပေါင်းစိုက်ပျိုးပွဲကို ယနေ့နံနက် ၇နာရီခွဲက​ရွှေဘိုတက္ကသိုလ် ကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ပြည်သူများအ​နေဖြင့် သစ်​တောသစ်ပင်များ၏ တန်ဖိုးကို အ​လေးထားသိရှိနားလည်​​​စေရန်၊ သဘာဝပတ်ဝန်းကျင်စိမ်းလမ်းစိုပြေ​ရေး၊ ရာသီဥတု​ကောင်းမွန်မျှတ​စေရန်၊ အညာတမာလွှမ်း​စေရန်ရည်ရွယ်၍၊ ခရိုင်သစ်​တောဦးစီးမှူး ဦးသန်း​ကျော်မြို့နယ် သစ်​တောဦးစီးမှူး ဦး​ကျော်​ကျော်​အောင်နှင့် ဝန်ထမ်းများ၊ စိမ်း/စို ဦးစီးမှူး ဦးမျိူးသန့်ကိုနှင့်ဝန်ထမ်းများ ဆရာ၊ ဆရာမများ​ကျောင်းသား​/သူ တက်ရောက်ခဲ့ပြီး သတ်မှတ်နေရာအသီးသီးတွင် သစ်ပင်ပျိုးပင်များကို တစ်ပြိုင်နက် စုပေါင်းစိုက်ပျိုးခဲ့ကြပြီး၊ အမှတ်တရစု​ပေါင်း မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

အဆိုပါ ၂၀၂၂ခုနှစ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲများတွင် ဇူလိုင်၃ရက် အထက(၁)တွင် တမာပင်(၅၀၀) ဇူလိုင်၇ရက်​ ရွှေဘိုတက္ကသိုလ်တွင် (၁၅၀၀)၊ ဆက်လက်၍​ ရွှေဘိုနည်းပညာ​ကောလိပ်တွင် တမာပင် (၁၀၀၀)စုစု​ပေါင်း တမာပင်(၃၀၀၀) စိုက်ပျိုးခဲ့ကြောင်း သိရသည်။

  ခရိုင်ပြန်/ဆက်