မြောင်မြို့တွင် “အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး”  Talk Show ဆောင်ရွက်

စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် မြို့နယ် အမျိုးသမီးရေးအရာအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်၍ “အမျိုးသမီးများ အကြမ်းဖက်မှုပပျောက်ရေး” Talk Show ဆွေးနွေးမှုကို ယမန်နေ့ နံနက် ၉ နာရီက လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်တွင် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် (Book Club) အဖွဲ့တို့ပူးပေါင်းပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကိုလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

မြစ်ကြီးနားမြို့၌ Mini Shopping Center နှင့် ရုပ်ရှင်ရုံငယ် တည်ဆောက်နေမှုအခြေအနေအား ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် သွားရောက်ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်လင်းနှင့် တာဝန်ရှိသူများသည် ဇူလိုင် ၆ ရက်နေ့ မွန်းလွဲ (၂)နာရီက မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်အတွင်း Mini Shopping Center နှင့် ရုပ်ရှင်ရုံငယ် တည်ဆောက်နေမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှင်ဗွေယန်မြို့၌ အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် အသက် ၅ နှစ်မှ ၁၂ ကြား ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို အမှတ် (၃) အခြေခံပညာ မူလတန်း ကျောင်း၌ ယနေ့ နံနက် ၉ နာရီက စတင်ထိုးနှံခဲ့ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်၌ အာဇာနည်နေ့အထိမ်းအမှတ်အကြို အသိပညာပေး Tallk Show ကျင်းပပြုလုပ်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  ဇူလိုင်(၁၉) ရက်နေ့တွင်ကျရောက်မည့် (၇၅)ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို  အသိပညာပေး Talk Show ကို ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဇူလိုင်လ(၇)ရက်နေ့၊နံနက်ပိုင်းမှစ၍ ပြည်သူ့ဆေးရုံကြီး၊ မြို့တော်ခန်းမ၊ ပညာရေးဒီဂရီကောလိပ်၊ အခြေခံပညာကျောင်းများနှင့် ဒေသန္တရကျန်းမာရေးရုံးများ စသည့် ကာကွယ်ဆေးထိုးစုရပ်နေရာများတွင် ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ရသေ့တောင်မြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ ကျောင်းသား/သူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး ပထမနှင့် ဒုတိယအကြိမ်တို့အား ဆက်လက်ထိုးနှံ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ အသက် (၅)နှစ်မှ အသက်(၁၂)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆေးထိုးစုရပ်နေရာများ ခွဲကာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ယနေ့နံနက်(၁၀)နာရီအချိန်က ပထမအကြိမ်နှင့် ဒုတိယအကြိမ်အား ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပြင်စလူမြို့၌ (Youth Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် (Youth Club) အဖွဲ့ဝင်များနှင့် ချစ်နိုင် (စိတ်ပညာ) ရေးသားထားသော စာပေတာဝန် စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြင်စလူမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမ၌ ယမန်နေ့ ညနေ (၄)နာရီအချိန်ခန့်က ကျင်းပခဲ့ကြောင်း သိရသည်။

သိန္နီမြို့ အမှတ်(၃)ရပ်ကွက်ရှိ စကားဝါလမ်းအား ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း (၈၀%)ပြီးစီး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ စည်ပင်သာယာရေးဌာနမှ ပြည်သူများ အသုံးပြုသွားလာလျက်ရှိသောလမ်းများ ပိုမိုကောင်းမွန်စေရေးအတွက် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သိန္နီမြို့ရပ်ကွက်(၃)အတွင်းရှိ စကားဝါလမ်းအား ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းသည် (၈၀%)ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
Subscribe to