ကျွန်းလှ ဇူလိုင် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက် ၅ နှစ်မှ အသက် ၁၂အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ဇူလိုင် ၇ ရက်နေ့နံနက် ၉ နာရီက ကျွန်းလှမြို့ပေါ် အခြေခံပညာအထက်တန်းကျောင်းများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပညာရေးမှူးတို့က ကြီးကြပ်ပြီး ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းပြီး စနစ်တကျထိုးနှံပေးကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံရသေးသည့် ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ