ဒလမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လျှပ်စစ်အန္တရာယ် အသိပညာပေးဟောပြောပွဲနှင့်လက်ကမ်းစာစောင်များဖြန့်ဝေ

ဒလ ဇူလိုင် ၇

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်ရှိ အမှတ်()အခြေခံပညာအထက်တန်းကျောင်းအစည်းအဝေးခန်း၌  ယမန်နေ့က  လျှပ်စစ်အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးငြိမ်းချမ်းဇော်နှင့်အဖွဲ့က လျှပ်စစ်အန္တရာယ်အကြောင်းများ၊ ဖြစ်ပွားတတ်သော ဓာတ်လိုက်မှုအန္တရာယ်များနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး သတိပြုလိုက်နာရမည့် အချက်များနှင့်ပက်သက်၍ ဟောပြောဆွေးနွေးခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာသူ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူဦးရေ(၁၅၁)ဦးတို့အား လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး လက်ကမ်းစာစောင်များ (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

သီတာဝင်း (IPRD)