လှိုင်းဘွဲမြို့နယ် ဝင်းစိန်ကျေးရွာတွင် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကျင်းပ

လှိုင်းဘွဲ   ဇူလိုင်  ၇

ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ဝင်းစိန်ကျေးရွာတွင် ဗုဒ္ဓဘာသာတို့၏ ဝါဆိုလအတွင်း ကုသိုလ်တရားများရရှိရေးအတွက်  ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဝင်းစိန်ကျေးရွာ ကျိုက်မုထောစေတီ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ တက်ရောက်လာသော ဆရာတော်/သံဃာတော်များ၊ တရားနာပြည်သူများက နာမောတဿ သုံးကြိမ်ရွတ်ဆိုခဲ့ပြီး ကျိုက်မုထောစေတီ ဘုန်းတော်ကြီးကျောင်း ဆရာတော်က ဝါဆိုသင်္ကန်းကပ်လှူရခြင်း၏ အကျိုးကျေးဇူးများ၊ ဝါဆိုသင်္ကန်း ကပ်လှူရခြင်းနှင့်ပတ်သက်၍ မြတ်စွာဘုရားက ဟောကြားတော် မှုခဲ့သော တရားများ၊ ဝါတွင်းကာလတွင် ဥပုဒ်သီလဆောက်တည်ပြီး တရားဘာဝနာများပွားများ အားထုတ် ခြင်းများကို ဟောကြားတော်မှုခဲ့သည်။ ထို့နောက် ဆရာတော်၊ သံဃာတော်များက ပုရိတ်တရားများရွတ် ဖတ်ပူဇော်ခြင်း၊ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ခြင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အတွက် အမျှဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)