မုဒုံမြို့၌ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့‌

မုဒုံ ဇူလိုင် ၇

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့‌ငွေများပေးအပ်ခြင်းကို ဇူလိုင် ၆ ရက်နေ့ ညနေပိုင်းက မြို့မ (၄) ရပ်ကွက်ရှိ သက်ကြီးဘိုးဘွားများထံ တာဝန်ရှိသူများက လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) လအတွက် လူမှုရေးပင်စင်ရရှိသော မုဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ (၄၂)ရွာမှ အသက် ၈၅ နှစ်နှင့်အထက် ဘိုးဘွား (၁၄၅၈) ဦးအတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေကျပ် စုစုပေါင်း (၄၃၇၄၀၀၀၀)ကို ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များတို့က လူမှုရေးပင်စင်များကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်လျက်ရှိကြောင်း  သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)