တပ်ကုန်းမြို့၌ VDP စီမံကိန်းကျေးရွာ(၁၁)ရွာနှင့်Cash For Work စီမံကိန်းကျေးရွာ(၂)ရွာအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကျင်းပ

တပ်ကုန်း ဇူလိုင် ၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကျေးရွာဖွံ့ဖြိုးရေး  အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ကျေးရွာ(၁၁)ရွာနှင့် Cash For Work စီမံကိန်းကျေးရွာ(၂)ရွာအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက အဆိုပါ ဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင်  ဥတ္တရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအွမ်တမ်ဟုန်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း VDP နှင့်Cash For Work စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက်  ဦးအွမ်တမ်ဟုန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာနှင့် တာဝန်ရှိသူများက စီမံကိန်းကျေးရွာများမှ စီမံကိန်းတာဝန်ခံများအား  စီမံကိန်းရန်ပုံငွေများကို လွှဲပြောင်းပေးအပ်ခဲ့သည်။

တပ်ကုန်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ထိ ကျေးရွာပေါင်း(၄၂)ရွာ၊ Cash For Work စီမံကိန်းဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ စတင်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်ထိ ကျေးရွာပေါင်း(၃၃)ရွာ အကောင်အထည်ဖော်ဆောင်ရွက်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်