ညောင်တုန်းမြို့နယ်တွင် ရေဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ညောင်တုန်း  ဇူလိုင် 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဦးဆောင်၍ ရေဘေးအသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၀နာရီအချိန်က မြို့နယ်အတွင်းရှိ လူစည်ကာရာနေရာများဖြစ်သည့် ဈေးများနှင့် သင်္ဘောဆိပ်များ၌ ဖြန့်ဝေခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ရေကြီးခြင်း သတိပေးချက်ရလျှင် ဆောင်ရွက်ရန်များ၊ ရေကြီးခြင်း ဖြစ်ပေါ်နေချိန်တွင် လိုက်နာရမည့်အချက်များနှင့် ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးပြီးနောက် ပြုလုပ်ရန် အချက်များနှင့် ရှောင်ရှားသင့်သည့် အချက်များစသည့် အကြောင်းအရာများ ပါဝင်သည့် လက်ကမ်း စာစောင်များကို အသိပညာပေးဖြန့်ဝေခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)