သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေး ဆွေးနွေး

သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ အသိပညာပေး ဆွေးနွေးပွဲကို ဌာနများပူးပေါင်း၍ ယမန်နေ့ နေ့လယ်၁နာရီက ကရင်ကုန်းအုပ်စု ကရင်ကုန်းရွာဒီပါအေး ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများအား ကိုဗစ်- ၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဇူလိုင် ၇ ရက်နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် အမှတ်(၄) မူလတန်းကျောင်းတို့၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကဝမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ၂၀၂၂ ခုနှစ်၊   မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား ငါးထပ်ကြီးဘုရားရင်ပြင်တော်တွင် ယနေ့နံနက်(၉)နာရီက ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်လုံးကျွတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံနိုင်ရေး စုရပ်များအလိုက် ကာကွယ်ဆေး ဆက်လက် ထိုးနှံ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မြို့နယ်လုံးကျွတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံနိုင်ရေး စုရပ်များအလိုက် ကာကွယ်ဆေးများကို ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က  မြို့နယ်အတွင်းရှိ ကျေးရွာစုရပ်များ၌ လည်းကောင်း၊ အခြေခံပညာ ကျောင်းများ၌လည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်၍ ဆေးထိုးနှံပေးခဲ့သည်။

ပခုက္ကူမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးပြီး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခမ်းအနားမှူးသင်တန်းကို ဇူလိုင်လ ၇ရက် နံနက် ၁၀နာရီအချိန်က ဖွင့်လှစ်သင်ကြားသည်။  

ဒေးဒရဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ၊ ခြင်ဆေးဖျန်းခြင်း လုပ်ငန်းများအား ယနေ့ နံနက်ပိုင်းက ဆူးကလပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား

ရွှေဘိုတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး​​ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆု​ချီးမြှင့်ပွဲ ကျင်းပ

​ရွှေဘိုတက္ကသိုလ်၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/သမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ ည​နေ ၃နာရီ အချိန်က အဆိုပါတက္ကသိုလ်ရှိ ​အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဟိုပန်၌ မြေဆီအလွှာဖွံ့ဖြိုးတိုးတက်ရေး သစ်စိမ်း​​မြေဩဇာ(ပိုက်ဆံလျှော်)ပင်ထယ်ထိုးမြေမြှုပ်ကွင်း သရုပ်ပြပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကျေးရွာတောင်သူများနှင့်အတူ ယနေ့နံနက်(၁၀)နာရီက မြေဆီအလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးထားသည့် နယ်စပ်ဘိန်းအစားထိုးခြံ၌ သစ်စိမ်း​​မြေဩဇာ(ပိုက်ဆံလျှော်) ထယ်ထိုးမြေမြှုပ်ကွင်းပြပွဲတွင် လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to