မြို့နယ်လုံးကျွတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံနိုင်ရေး စုရပ်များအလိုက် ကာကွယ်ဆေး ဆက်လက် ထိုးနှံ

ချောင်းဆုံ ဇူလိုင်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မြို့နယ်လုံးကျွတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံနိုင်ရေး စုရပ်များအလိုက် ကာကွယ်ဆေးများကို ဆက်လက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က  မြို့နယ်အတွင်းရှိ ကျေးရွာစုရပ်များ၌ လည်းကောင်း၊ အခြေခံပညာ ကျောင်းများ၌လည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်၍ ဆေးထိုးနှံပေးခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို အခြေခံပညာကျောင်းများတွင် အသက်()နှစ်မှ (၁၈)နှစ်ကြား ကျောင်းသား/သူများအား လည်းကောင်း၊ ရပ်ကွက်/ကျေးရွာအတွင်းရှိ စုရပ်(၁၅)နေရာတွင် သတ်မှတ်စုရပ်အလိုက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က အခြေခံပညာကျောင်း (၁၈) ကျောင်းတွင် (ပထမအကြိမ်) (၁၉၃)ဦးအားလည်းကောင်း၊ ဒုတိယအကြိမ် ထိုးနှံသူ (၂၅၄၆)ဦးအားလည်းကောင်း၊ စုစုပေါင်းကျောင်းသား/သူပေါင်း (၂၇၃၉)ဦး အားလည်းကောင်း၊ ကျေးရွာနေပြည်သူ (Phase-12) ပထမအကြိမ် ကာကွယ်ဆေးထိုးနှံသူ (၁၃၂)ဦးအား လည်းကောင်း၊ (Phase-11) ဒုတိယအကြိမ် ဆေးထိုးနှံသူ()ဦးအားလည်းကောင်း၊ ထပ်ဆောင်းကာကွယ်ဆေး (Booster) ဆေးထိုးနှံသူ(၂၂၉) ဦးအားလည်းကောင်း၊ စုစုပေါင်း(၃၈၁)ဦး ထိုးနှံပေးခဲ့ကြောင်း၊ ယမန်နေ့တွင် ကျောင်းသား/သူနှင့် ကျေးရွာနေပြည်သူ စုစုပေါင်း (၃၁၂၀)ဦးအား ထိုးနှံပေးခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ချောင်းဆုံ (ပြန်/ဆက်)