ရွှေပြည်သာမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

ရွှေပြည်သာ ဇူလိုင် ၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လက်ဝယ်အရောက်ပေးအပ်လျက်ရှိရာ ယနေ့နံနက်(၁၀) နာရီအချိန်တွင် အမှတ်(၅)ရပ်ကွက်ရှိ အသက်(၈၅)အထက်သက်ကြီးဘိုးဘွားများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုယ်စား အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ငွေများပေးအပ်ရာတွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားတစ်ဦး၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ်အတွက်(၃၀၀၀၀)နှုန်းဖြင့် လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း (ရွှေပြည်သာ)